ရန်ကုန်တိုင်း သုဝဏ္ဏက ကိုဗစ်-၁၉ လူနာဟာ ဘယ်ကကူးစက်မှန်းမသိဘဲ ဖျားနာရင်ကျပ်ရာက ရောဂါပိုးတွေ့ခြင်းဖြစ်

သြဂုတ်လ ၂၇ ရက် ည ၈ နာရီမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကထုတ်ပြန်တဲ့ ပိုးတွေ့လူနာသစ် ၁၆ ယောက်စာရင်းမှာ ရန်ကုန်က ၄ ယောက်ပါဝင်ပါတယ်။

အဲဒီလူနာသစ် ၄ ဦးထဲမှာ သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမှာနေထိုင်သူ ၁ ယောက်ဟာ ရောဂါ ဘယ်ကကူးမှန်းမသိဘဲ ဖျားပြီး ရင်ကျပ်ရာကနေ ဓာတ်ခွဲနမူနာယူစစ်ဆေးရာမှာ ပိုးတွေ့ခဲ့တာလို့ သင်္ကန်းကျွန်းမြို့နယ်၊ ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက ဒီဗွီဘီကိုပြောပါတယ်။

Ads

“ဘယ်မှတော့ မသွားမလာထားဘူး။ ဖျားတယ်၊ ရင်နည်းနည်းကျပ်ရာကနေ ဆေးရုံသွားပြရင်းတွေ့တာ”လို့ ပြောပါတယ်။

သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၉ ရပ်ကွက် ၊ ပေါ်ဆန်းမွှေးလမ်းမှာနေထိုင်တဲ့ အသက် ၄၀ အရွယ် လူနာအမှတ် ၅၉၅ အမျိုးသမီးနဲ့ထိတွေ့တဲ့ မိသားစုဝင် ၂၀ ကျော်လောက်ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။

အဝတ်လျှော်လုပ်ငန်းလုပ်ကိုင်သူ အဲဒီအမျိုးသမီးနဲ့ ထိတွေ့သူတွေကို ကျန်းမာရေးဌာနက ဆက်လက်စုံစမ်းနေတယ်လို့ လတ်တလောသိရပါတယ်။

မြန်မာနိုင်ငံမှာ သြဂုတ် ၂၈ ရက် မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၂၈ ယောက်ရှိပြီး သြဂုတ်လ တတိယပတ်ကစတင်က ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ဆက်စပ်ပြီး ရောဂါ ကူးစက်မှု အရှိန်မြင့်လာတာဖြစ်ပါတယ်။

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြပါသည် )

XYZ News သတင်းမီဒီယာကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ တွင် စတင်ထူထောင်ခဲ့ပြီး အစိုးရပြန်ကြားရေးဝန်ကြီးဌာနက သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် (၀၀၂၇၁) ရရှိခဲ့ကာ တရားဝင်သတင်းမီဒီယာလုုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။