အိန္ဒိယနိုင်ငံမှာတော့ ဩဂုတ် ၃၀ တရက်တည်းမှာ ဗိုင်းရပ်စ်ကူးစက်ခံ လူနာသစ် ၇၈,၇၆၁ ယောက်ထိ ရှိသွားပြီလို့ ဇူလိုင်လအလယ်တုန်းက အမေရိကန်မှာ စံချိန်တင်ခဲ့တဲ့ တရက်တည်း အသစ်ကူးစက်ခံ လူဦးရေ ၇၇,၂၉၉ ယောက်ကို ကျော်သွားခဲ့ပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၈၄၀,၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၇ ဒသမ ၅ သန်းကျော် ရှိတယ်လို့ သိရပါတယ်။
ဒါဟာ တနှစ်အတွင်း ဆိုးရွားပြင်းထန်တဲ့ တုပ်ကွေးအဖျားလူနာ အရေအတွက်ထက် ၅ ဆထက်မနည်း ပိုများနေတာလည်း ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ကိန်းဂဏန်းတွေက ဖော်ပြထားပါတယ်။
ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံ အိန္ဒိယဟာ အမေရိကန် နဲ့ ဘရာဇီးတို့နောက်မှာ ကိုဗစ်-၁၉ ကူးစက်မှု တတိယအများဆုံး ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၆၄,၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၂ ဒသမ ၇ သန်းကျော် ရှိတယ်လို့ သိရပါတယ်။
( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြပါသည် )
XYZ News သတင်းမီဒီယာကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ တွင် စတင်ထူထောင်ခဲ့ပြီး အစိုးရပြန်ကြားရေးဝန်ကြီးဌာနက သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် (၀၀၂၇၁) ရရှိခဲ့ကာ တရားဝင်သတင်းမီဒီယာလုုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။