တရုတ်နဲ့တင်းမာမူတွေမြင့်တက်နေစဉ်မှာ ပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောကို ရေချတော့မယ့် အိန္ဒိယ

အိန္ဒိယရဲ့ ပထမဆုံး ပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောဟာ အရေးကြီးတဲ့ အပိုင်းကို ရောက်ရှိနေလာပြီ ဖြစ်ပါတယ်။နယ်စပ်၌ အိန္ဒိယနဲ့ တရုတ် စစ်သားတွေ ထိုးကြိတ်ခိုက်ရန် ဖြစ်ပွားမူတွေကြောင့် တင်းမာမူတွေမြင့်တက်နေစဉ်မှာ အိန္ဒိယက ပြည်တွင်းဖြစ် INS Vikrant လေယာဉ်တင်သင်္ဘောမှာ ၎င်းရဲ့ စနစ်တွေနဲ့ စက်ကိရိယာတွေ တပ်ဆင်ပြီး ရေချစမ်းသပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

“ရပ်နား၊ အရှိန်နှေးမောင်းနှင်မှု Harbour Trials စမ်းသပ်မှုကတော့ ပြီးစီးအောင်မြင်ပြီ။ ခရီးတို ခုတ်မောင်းခြင်း Basin Trials စမ်းသပ်မှုကိုတော့ လာမယ့် စက်တင်ဘာမှာ စမ်းသပ်မှာ ဖြစ်ပါတယ်။”လို့ ရေတပ်သတင်းရင်းမြစ်တစ်ရပ်က The New Indian Express ကို ပြောပါတယ်။

Ads

Basin trials ဟာ ရေပြင်မှာပဲ စမ်းသပ်နိုင်တဲ့ ခုတ်နှင်အား၊ လျှပ်ကူးစနစ်နဲ့ ချိတ်ဆက်ဝင်ရိုး လည်ပတ်မှုတွေကို စမ်းသပ်တာ ဖြစ်ပါတယ်။

ခရီးတို ခုတ်မောင်းမှု Basin Trials စမ်းသပ်အပြီးမှာတော့ ဒီ နှစ်မကုန်ခင်မှာ ပင်လယ်ခုတ်မောင်းခရီးစဉ် စမ်းသပ်မှု sea trials ကို စမ်းသပ်မှာ ဖြစ်ပြီး ဒီ ပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောဟာ Indian Navla Ship Vikrant အမည်နဲ့ ၂၀၂၁ မကုန်ခင်မှာ ရေတပ်ဆီ တပ်တော်ဝင်မှာ ဖြစ်ပါတယ်။

INS Vikrant လေယာဉ်တင်သင်္ဘောဟာ အလေးချိန် တန် လေးသောင်းနီးပါး ရှိပြီး သူ့ တိုက်လေယာဉ်တွေ (MiG-29K) ဟာ တာတိုဦးမော့ပျံတက်မှု STOBAR ကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာဆိုရင် ရှိထားတဲ့ INS Vikramaditya က စနစ်နဲ့ ဆင်တူပဲ ဖြစ်ပါတယ်။ အခု လေယာဉ်တင်သင်္ဘောရဲ့ လေကြောင်းဖွဲ့စည်းမှုမှာ ရဟတ်ယာဉ်တွေပါ ပါဝင်မှာ ဖြစ်ပါတယ်။

လက်ရှိ စမ်းသပ်မှုတွေကို ပုံမှန်ကာလအတွင်း ဖော်ဆောင်သွားဖို့ ရှိခဲ့တာ ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုကြောင့် ချမှတ်ထားတဲ့ လော့ဒေါင်းလုပ်ငန်းစဉ်တွေကြောင့် နှောင့်နှေးခဲ့ရတာပဲ ဖြစ်ပါတယ်။

Rf; The New Indian Express
Writer_ မောင်သံဆင့်(XYZ News)

XYZ News သတင်းမီဒီယာကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ တွင် စတင်ထူထောင်ခဲ့ပြီး အစိုးရပြန်ကြားရေးဝန်ကြီးဌာနက သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် (၀၀၂၇၁) ရရှိခဲ့ကာ တရားဝင်သတင်းမီဒီယာလုုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။